မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Monkeypox (မျောက်ကျောက်ရောဂါ) အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကျင်းပ

မလှိုင် မေ ၂၆

မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Monkeypox (မျောက်ကျောက်ရောဂါ) အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)တွင် ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။

အဆိုပါပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)၊ ဦးတည်ချက်(၉) ဆောင်ရွက်ချက်မှတ်တမ်းများ၊ ကမ္ဘာနိုင်ငံအချို့တွင်ဖြစ်ပွားနေသော Monkeypox (မျောက်ကျောက်ရောဂါ) ပတ်သက်သည့် မြန်မာ့အလင်းသတင်းစာပါ အသိပညာပေးဆောင်းပါးများ၊ ကူးစက်ရောဂါခံစားနေသော မှတ်တမ်းဓါတ်ပုံများ၊ ဆောင်ကြဉ်/လိုက်နာရန်အချက်များ၊ မြို့နယ်အတွင်း သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြည်သူဗဟိုပြုလုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ သုတ/ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ပါသည်။

ထို့နောက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ ကျောင်းအပ်နှံလာကြသည့် ကျောင်းသား/သူများနှင့် မိဘပြည်သူတို့မှ လိုက်လံ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)