ကန်ကြီးထောင့်မြို့၌ Mask များ တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်း Mask များတပ်ဆင်ရေး Mask Campaign ပြုလုပ်

ကန်ကြီးထောင့် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ကန်ကြီးထောင့်မြို့ လူစည်ကားရာ မာလာကုန်းလမ်းဆုံနှင့် မြို့မစျေးရှေ့နေရာများ၌ ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအ​ကြီးအကဲများ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ်လူစည်ကားရာနေရာတို့တွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား  မေလ (၂၄)ရက်နေ့မှစတင်၍နှာခေါင်းစည်း Mask အခုရေ (၅၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

မဇင်(ပြန်/ဆက်)