ညောင်တုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ လျှပ်စစ်ဓာတ်အား ချွေတာရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ် စာစောင်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များစသည့် အကြောင်းအရာများ ပါဝင်သော နံရံကပ်ပြဘုတ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)