နတ်တလင်း မေ ၂၆
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါဆို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ဘကကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်း မနောဟဒယခန်းမတွင် ယနေ့နံနက်၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အဖွင့်အမှာ စကားပြောကြားရာတွင်မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးနေ့ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့ထိ သတ်မှတ်ထာပြီး ဇွန် ၂ ရက်နေ့မှာ အခြေခံပညာကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားရတော့မှာဖြစ်ပြီး ကျောင်းသားမိဘများအနေဖြင့်လည်း သတင်းအမှားများကို မယုံကြည်ဘဲ မိမိသားသမီးပညာရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)