ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များအားပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဆရာမဒေါ်နန်းညွန့်ညွန့်ဆွေက မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်ဖြစ်ထွန်းလာမှုအကြောင်းအရာများ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ဖြစ်ပေါ်ရရှိကြုံတွေ့လာနိုင်သည့် စိတ်ဓာတ်ကျဆင်းပြီး စိတ်ဖောက်ပြန်ကာရူးသွပ်စေခြင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများပျက်စီးလာပြီး ကျန်းမာရေးထိခိုက်လာသည်အထိအန္တရာယ်ကြီးမားကြောင်း စသည်များနှင့်မူးယစ်ဆေးဝါးများတရားမဝင်ရောင်းဝယ်သုံးစွဲမှု လက်ဝယ်ထားရှိမှုများ၏ ပြစ်မှုဆိုင်ရာပြစ်မှုပြစ်ဒဏ်ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာမှတ်သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား Iprd kyarinn seik kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မျိုးမင်းဦး