အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး အသိပေးနှိုးဆော်

အောင်လံ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပေးနှိုးဆော်မှုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရန် အခြေခံပညာသင်ယူခွင့်ရရှိစေရန် ကျောင်းသုံးစာအုပ်၊ ပုံနှိပ်၊ ဗလာစာအုပ်များကို အခမဲ့ဖြန့်ဝေမှုနှင့်အတူ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပါသဖြင့် ကျောင်းသားမိဘများအနေဖြင့် မေလ (၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း မိမိတို့၏ ရင်သွေးငယ်များကို ကျောင်းအပ်နှံပေးရေးနှင့် ဇွန်လ(၂)ရက်နေ့ ကျောင်းများ ဖွင့်လှစ်သင်ကြားသည့်နေ့မှစ၍ ကျောင်းအပ်နှံတက်ရောက်သည့် အသက်(၅)နှစ်မှ(၁၂)ထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်းတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)