ဟိုင်းကြီးကျွန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂) ရပ်ကွက်အတွင်း၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ ကြာသပတေးရက်များ၌ ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စျေးနှုန်းသက်သာပြီး လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့်အတွက် မိဘပြည်သူများအနေနှင့်လည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)