အမြို့မြို့အနယ်နယ်သတင်းများ

May 26,2022
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်၊ မြို့ကျေးရွာအုပ်စု ကျေးရွာများရှိ ရဟန်းသံဃာတော်များ သီလရှင်များ သာသနာ့ဝန်ထမ်းများ သက်ကြီးဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ အသက်(၁၈)နှစ် အထက်ပြည်သူများ အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများ အားလုံးထိုးနှံနိုင်ရေး တစ်ဦးတစ်ယောက်မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးအနက်ထားကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိသည်။
May 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို လာမည့်ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူ များသည် ယနေ့နံနက်မှစ၍ သက်ဆိုင်ရာကျောင်းအသီးသီးရှိ ဆရာ၊ ဆရာမများထံတွင် မိဘအုပ်ထိန်းသူများနှင့်အတူ ကျောင်းလာရောက် အပ်နှံကြသည်ကို တွေ့ရသည်။
May 26,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ လက်ခံခြင်းကို ယနေ့နံနက် (၉) နာရီက စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ပညာ‌ရေးမှူး ဦးကြည်စိန်၊ မြစ်ကြီးနားခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်တက်ရောက်ကြမည့် KG တန်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။
May 26,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ ရပ်ကွက်ရှိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose)  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
May 26,2022
ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၇)ရပ်ကွက် ​နေအိမ်များနှင့်ဘုန်း​တော်ကြီး​ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်း (၁၉၆) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၄)ကျောင်း စုစုပေါင်းကျောင်း(၂၀၀)တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းလာရောက်အပ်နှံသူ (၁၀၉၄၀)ဦးရှိကြောင်းသိရသည်။