ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဆက်လက်ထုတ်ပေး

ကော့ကရိတ်  ​မေ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  ယနေ့နံနက်  ၇ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာလာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို E ပင်စင်ကတ်ဖြင့် ​ရုံးဖွင့်ရက်တွင်​နေ့စဉ်ထုတ်​ပေးပြီး ယခုလပင်စင်လစာကို​မေလ၂၁ ရက်နေ့မှစ၍ လကုန်ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ရက်များတွင်ထုတ်ပေးသွားမည်ဖြစ်ရာယနေ့တွင် လာရောက်ထုတ်ယူသူများပြားလျက်ရှိ​ကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစု ပေါင်း (၂၀၉၇)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)