ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပန်းတောင်း မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းတွင်း၊ ကျောင်းပြင်ရှိ မြက်ပင်များ၊ အမှိုက်များကို စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦး ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်ပရဟိတအဖွဲ့များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ထွေ/အုပ်ဝန်ထမ်းများမှ စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

သင်းသင်းအေး (ပြန်/ဆက်)