ဘူးသီးတောင်မြို့နယ်အတွင်း၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်(အခမဲ့) ကျောင်းအပ်နှံခြင်းအား စတင်လက်ခံဆောင်ရွက်

ဘူးသီးတောင် မေလ ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီ သင်ယူနိုင်ခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်( ၉)နာရီအချိန်မှ စ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (အခမဲ့)ကျောင်းအပ်နှံခြင်းအား သက်ဆိုင်ရာကျောင်းများတွင် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

 ထိုသို့ကျောင်းအပ်နှံခြင်းအား ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ခုနှစ်၊ မေလ(၂၆)ရက်နေ့မှစ၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အခမဲ့လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၅)နှစ်အရွယ် ကလေးများ(Kg)အတန်းမှစ၍ (Grade-11)သင်ရိုးသစ်တန်းအထိ ကျောင်းသား/သူများကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုဘဲ၊ ကျောင်းသို့ လာရောက်အပ်နှံသည့် ကျောင်းသား/သူတိုင်းအား ဗလာစာအုပ်(၁)ဒါဇင်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၆)ကျောင်း၊ မူလွန်(၈၂)ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၄၂)ကျောင်းပေါင်း(၂၁၀)ကျောင်းအား ဖွင့်လှစ်၍ ကျောင်းအပ်နှံရေး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးဦးမောင်တင်အောင်ထံမှ သိရသည်။

လှကျော်( ပြန်/ဆက်)