ကျောက်တံခါး မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အ.ထ.က(ကျောက်တံခါး)ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာဇင်သက်ဦးက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းအပ်နှံရာတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး ၂၀၂၁ ခုနှစ်၊ ပညာသင်နှစ်တွင် တိုင်းအဆင့်၊ မြို့နယ်အဆင့်တို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ရိုးသစ်ဆင့်ပွားသင်တန်းတွင် ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြသည်။
ကျောက်တံခါးမြို့နယ်တွင် အထက်တန်းအဆင့်(၂၂)ကျောင်း၊ အလယ်တန်းအဆင့် (၁၈၃)ကျောင်း၊ မူလတန်းအဆင့်(၂၄)ကျောင်း စုစုပေါင်း (၂၂၉)ကျောင်းရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)