ကျောက်ပန်းတောင်း ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)အောက်ကလေးငယ်များ ပုံမှန်ကာ ကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ဇွန်လ(၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို မွေးစမှသက်(၁)နှစ်အောက် ကလေးငယ်များအပြင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရခြင်းမရှိသည့် အသက်(၁)နှစ်ကျော်(၂)အောက်ကလေးငယ်များကိုလည်း လိုအပ်သည့် ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများကို လစဉ် လဆန်း(၁)ရက်၊(၂)ရက်နေ့များနှင့် လဝက်ရက်များဖြစ်သည့်(၁၅)ရက်၊ (၁၆) ရက်နေ့များတွင် ပုံမှန်ထိုးနှံ /တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ယခုထိုးနှံပေးသည့်ကာကွယ်ဆေးများမှာ မွေးကင်းစမှ အသက်(၁)နှစ်အောက်ကလေး ငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးဏှောက်အမြှေးရောင် အစရှိသည့် (၅)မျိုးစပ်ကာကွယ်ဆေးများနှင့် ပိုလီ ယိုကာကွယ်ဆေး အစရှိသည့် ထိုးဆေး/သောက်ဆေး(အစက်ချ)တို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)