သဲကုန်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အသစ်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ထွန်းက ၂၀၁၉-၂၀၂၂ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းပြီး ၂၀၂၂-၂၀၂၅ မြို့နယ်ဆန်စက်လုပ်ငန်း ရှင်များ အသင်းအသစ်ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဆန်စက်အသင်း အားကောင်းလာပြီး Contract framing စနစ်ကောင်းမွန်ပြီး အသင်း တိုးတက်စေရန်နှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်စက်အသင်းတွေ အားကောင်းလာပြီး ထုတ်လုပ်မှုအပိုင်းမှာ အောင်မြင်လာစေရန် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်၍ သဲကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းကို အဆိုပြုရွေးချယ်ခဲ့ရာ မြို့နယ်ဆန်စက် လုပ်ငန်း ရှင်များအသင်း ဥက္ကဌအဖြစ် ဦးမြတ်ထွဍ်အောင် (ဒေါင်းယဉ်ပျံ) ဆန်စက်ပိုင်ရှင်အား ရွေးချယ်၍အသင်းဝင်(၁၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ သဲကုန်းမြို့နယ်တွင် ယခင်ဆန်စက်လုပ်ငန်း(၇၀)ကျော်ရှိရာ ယခုနှစ်တွင်ဆန်စက်လုပ်ငန်း(၃၀)ကျော်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ဝင့်နန္ဒာဌေး