ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေမှုများ ဆောင်ရွက်

ဒလ ဇွန် 

ဒလမြို့နယ်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်   လူစည်းကားရာ နေရာဖြစ်သော ဒလ င်္ဘောဆိပ်တွင် ဇွန်လ ()ရက်နေ့မှစ၍ Mask(၂၀၀၀)ကို အခမဲ့ဝေပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင်mask များကို ပေးဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဝန်ထမ်း များနှင့်၊ မြို့နယ်ရဲတပ်ဖွဲဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ဖြင့် Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 သီတာဝင်း