ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်

ကျောက်ဆည် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူသွားမည့် အသက်(၅)နှစ်အထက်ကျောင်းသား၊ ကျောင်းသူ(၂၁၀၀၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ကျောင်းသား၊ ကျောင်သူများ အဆင်ပြေစေရေး ကာကွယ်ဆေးထိုးစုရပ်(၆၄)နေရာသတ်မှတ်ထားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များပူးပေါင်းပြီး ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရရသည်။

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း(၈) ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင် မူလတန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်းရှိကြောင်းနှင့် အစိုရပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်း သူ(၁၈၈၄၇)ဦး၊ ဘုန်းတော်ကြီးပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅၉၈)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၅၅၅)ဦး စုစုပေါင်း (၂၁၀၀၀)ဦးအားကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)