အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ သင်ကြားနိုင်ရန် ယနေ့နံနက် ၉နာရီမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း ဆွမ်ပရာဘွမ်မြို့တွင် လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန် လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးဦးရဲထွဋ် နှင့် လက်ထောက်ပညာရေးမှူးတို့က အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌၂၀၂၂-၂၀၂၃ပညာသင်နှစ်ကျာင်းများ စတင်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် သင်ကြားလျက်ရှိရာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူး ဝင်းကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Phase-11) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အများပြည်သူများ ယာဉ်အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် အဓိကနေရာများဖြစ်သည့် တောင်တွင်းကြီး၊ နတ်မောက်လမ်းမကြီးပေါ်တွင်ရှိသော ပညာရေးမှူးရုံးရှေ့နှင့် ဆေးရုံရှေ့တွင်ပေ (၃၀)ရှိ Slowdown တစ်ခုတို့အား အရှိန်ထိန်း Slowdown များ‌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jun 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများအား မိဘအုပ်ထိန်းသူများမှ လိုက်ပါပို့ဆောင်၍ ဇွန်လ ၂ ရက်နေ့ နံနက် ၈နာရီအချိန်မှ စတင်ကာ ပျော်ရွှင်စွာဖြင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်လျက်ရှိသည်။