အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများ ကြည့်ရှု့စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
Jun 02,2022
“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေး“ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်”ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြားပေးလျက် ရှိရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ပေးပို့သော အရှိန်ထိန်းတုံး(Slow Down) များကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့တွင်း မြို့ဝင်/မြို့ထွက်လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများ၏ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အထက(၃)နှင့် မြို့နယ်အတွင်းရှိ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ကျောင်း သင်ခန်းစာများအား ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။  
Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေ(ပညာ)၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်နှင့်တာဝန်ရှိသူများက ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။