မိုးညိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်၍  ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

မိုးညို   ဇွန်  ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌၂၀၂၂-၂၀၂၃ပညာသင်နှစ်ကျာင်းများ စတင်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် သင်ကြားလျက်ရှိရာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲထွဋ်အောင်၊ အတွင်းရေးမှူး ရဲမှူး ဝင်းကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းတို့၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထက်/ လယ်/ မူ ကျောင်းအပ်နှံပြီးစီးသူ  ယမန်နေ့ထိ (၁၈၉၉၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။

ကိုမင်း