မြို့သစ်မြို့နယ်၌ အများပြည်သူများ ယာဉ်အန္တရာယ်မ‌ဖြစ်ပေါ်စေရေးအတွက် အရှိန်ထိန်း Slowdown များဆောင်ရွက်

မြို့သစ် ဇွန်   ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အများပြည်သူများ ယာဉ်အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် အဓိကနေရာများဖြစ်သည့် တောင်တွင်းကြီး၊ နတ်မောက်လမ်းမကြီးပေါ်တွင်ရှိသော ပညာရေးမှူးရုံးရှေ့နှင့် ဆေးရုံရှေ့တွင်ပေ (၃၀)ရှိ Slowdown တစ်ခုတို့အား အရှိန်ထိန်း Slowdown များ‌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇော်(ပြန်/ဆက်)