သိန္နီမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက် ပညာသင်ကြား

သိန္နီ ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများအား မိဘအုပ်ထိန်းသူများမှ လိုက်ပါပို့ဆောင်၍ ဇွန်လ ၂ ရက်နေ့ နံနက် ၈နာရီအချိန်မှ စတင်ကာ ပျော်ရွှင်စွာဖြင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်လျက်ရှိသည်။

သိန္နီမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိ သင်ကြားနိုင်ရေးအတွက် မြို့နယ်မှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘအုပ်ထိန်းသူများ၏ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် သိန္နီမြို့နယ်တွင် အထက(၃)ကျောင်း၊ အထက(ခွဲ) (၂)ကျောင်း၊ အလက(၁)ကျောင်း၊ အလက(ခွဲ)(၃)ကျောင်း၊ အမက(မူလွန်)(၅)ကျောင်း၊ အမက(၃၁)ကျောင်း၊ အမက(ခွဲ)(၁)ကျောင်း၊ စုစုပေါင်း (၄၆)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၈၀၀၀)ကျော် ပညာသင်ကြားလျက်ရှိသည်။ ယနေ့ ကျောင်းစတင် တက်ရောက်သည့်နေ့တွင် ကျောင်းသားမိဘ အုပ်ထိန်းသူများမှ ကျောင်းသား /ကျောင်းသူများ ကျောင်းတက် နိုင်ရေး နံနက် ၈ နာရီအချိန်က စတင်ကာ လာရောက်ပို့ဆောင်လျက်ရှိပြီး ကလေးငယ်များ အနေဖြင့်လည်း ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ကြားနေကြရာ သိန္နီမြို့နယ်တွင် ယခုနှစ်၌ ရာနှုန်းပြည့်ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးမှ ပြောကြားသည်။

စောဥမ္မာ(သိန္နီ)