အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေ(ပညာ)၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်နှင့်တာဝန်ရှိသူများက ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူရန် ကျောင်းလာတက်သော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပို့လာသည့် မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိ‌သည်။
Jun 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး အသက် (၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ (၂)ရက်နေ့နံနက် (၉)နာရီအချိန်က စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆေးထိုးစုရပ်များ ထားရှိ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
Jun 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၁၂၂ ကျောင်းတွင် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားနေပြီဖြစ်သည်။
Jun 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဇွန် ၂ ရက်နေ့နံနက်ပိုင်းတွင် တစ်ပြိုက်နက်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင်ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့်စာသင်ကြားလျက်ရှိကြောင်းသိရသည်။
Jun 02,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင်  ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ၂ ရက်နေ့၊ ကျောင်းဖွင့်ရက် ပထမနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည်။