အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၂- ခုနှစ်  မိုးရာသီအတွက်စိုက်ပျိုးနိုင်ရန် ဒေသနှင့်ကိုက်ညီသော ပျိုးပင်များကို ပျိုးထောင်ထားရှိခဲ့ရာ ယခုအချိန်တွင် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
Jun 02,2022
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်က စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
Jun 02,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို ယနေ့၌ နိုင်ငံတစ်ဝန်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ    အခြေခံပညာစာသင်ကျောင်းများလည်း ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်းရှိ ကျောင်းများမှာ ၂-၆-၂၀၂၂ ရက်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် ပုံမှန်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်တက်ရောက်သင်ကြားလျက်ရှိသည်။
Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာ၀တီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်   ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းများ စတင်ဖွင့်လှစ်နေပြီး ကျောင်သား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်းကြားလျက်ရှိကြောင်းသိရသည်။
Jun 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။