ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား

ကြို့ပင်ကောက် ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွန်လ (၂) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းစုစုပေါင်း ၁၇၁ ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွ ာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်းသိရသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၅၇၅) ဦး ကျောင်းအပ်နှံပြီးကြောင်း ယခင်နှစ်ကထက် ၁၂၄၄ ဦး တိုး လာကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)