မိုးမိတ် ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန် လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးဦးရဲထွဋ် နှင့် လက်ထောက်ပညာရေးမှူးတို့က အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၅) ကျောင်းရှိကာ ယခုနှစ်တွင် ဖွင့်လှစ်နိုင်သော ကျောင်းမှာ (၆၉) ကျောင်းရှိပြီး မဖွင့်လှစ်နိုင်သောကျောင်းမှာ (၂၆) ကျောင်းနှင့် မိုးမိတ်မြို့နယ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်းမှာ (၉၁၄၆)ဦး တက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရမှ ပုံနှိပ်စာအုပ်များ၊ ရေးစာအုပ်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)