ဆွမ်ပရာဘွမ် ဇွန် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ သင်ကြားနိုင်ရန် ယနေ့နံနက် ၉နာရီမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း ဆွမ်ပရာဘွမ်မြို့တွင် လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူနိုင်ရန်အတွက် မေလ၂၆ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ဇွန်၂ရက်နေ့မှ စတင်ကာ ကျောင်းသား/ကျောင်းသူများအား စတင်ပညာသင်ကြားသွားမည်ဖြစ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီး၊ အမျိုးသမီးရေးရာအဖွဲ့များက အသီးသီး လှူဒါန်းပေးခဲ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောပိုးအိတ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ထုတ်ပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆွမ်ပရာဘွမ်မြို့နယ်၌ အေးချမ်းစွာ စတင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်