အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယ​နေ့ နံနက် (၆:၄၅) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဘိဇာတ အပါအဝင် သံဃာတော် ၁၈ ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် အလှည့်ကျဂေါပက ဦးဌေးလှိုင်နှင့် ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်း လူပုဂ္ဂိုလ် ၅၀ ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
Jun 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က သုတ/ရသဖတ်စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးနေကြာသီးနှံ ၅၆၁၂ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများက မိုးဦးမိုး ရွာသွန်းသဖြင့် မိုးနေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။  
Jun 02,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော  ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင်အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေးရည်ရွယ်၍ ယမန်နေ့နံနက်က မြောင်းမြ ပညာရေးဒီဂရီကောလိပ်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာ ရောက် စာဖတ်သူလက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးခဲ့ ကြသည်။
Jun 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊‌ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အဆိုပါကျောင်း စပယ်ခန်းမ၌ ဇွန် ၁ ရက် နံနက်ပိုင်းက ကျင်းပရာ မိဘဆရာအသင်းအမှုဆောင်နာယက ဦးမြင့်စိုးက မိဘဆရာအသင်းအနေဖြင့် နှစ်စဉ် ကျောင်းကောင်းကျိုးများကို ကျောင်းအုပ်ဆရာမကြီး၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများမှ ဘဝနှင့်ရင်း၍ ဆောင်ရွက်ပေးနေကြောင်း၊ မိဘများမှ မိမိတို့သားသမီးများဘဝ ပညာရေးကို အလေးထားကြ‌စေလိုကြောင်း၊ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
Jun 02,2022
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်က စတင်ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။