ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကျောက်တံခါး  ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ၊ ဘောပင်၊ ခဲတံတို့အား ကျောင်းအပ်နှံချိန်တွင် တစ်ပါတည်း ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ကျောက်တံခါးမြို့နယ်တွင် အထက်တန်း အဆင့်(၂၂)ကျောင်း၊ အလယ်တန်းအဆင့်(၁၈၃)ကျောင်း၊ မူလတန်းအဆင့် (၂၄)ကျောင်း စုစုပေါင်း (၂၂၉)ကျောင်းရှိပြီး ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား ကျောင်းသူပေါင်း(၄၆၄၉၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)