Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဲကုန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား/သူလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံမှုနှင့် ပညာသင်ကြားနေမှုများအား က…
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ဇွန်လ ၂ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အောက် အရွယ် ကျောင်းသား/သူလေးများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)တွင် ကျောင်းအပ်လက်ခံခြင်းနှင့် ပထမနှစ်သင်တန်းများအား စာသင်ကြားပေးလျက်ရှိ
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်းပက်)တွင် ယမန်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်ဘုတ်ပြင်မြို့နယ် ထောက်စုံမဟက်ကျေးရွာ အုပ်စု အမက-ချောင်းလမိုင်း၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု အမက-ထောင်မွန်ကျောင်း၊ အလက(ခွဲ)သဲစုပ်စက်မိုင်းကျောင်းနှင့် အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်း၊ အမက-နီပါးကျောင်း၊ အမက-လိပ်ဥချောင်းကျောင်း၊ အမက-ချောင်းကထုံးကျောင်းနှင့်ကမာချောင်းကျေးရွာအုပ်စုရှိ မူလွန်-ကျွေးချောင်းကျောင်း၊ အမက-ကမာချောင်းကျောင်းနှင့် နို့ငွါး ကျေးရွာအုပ်စု အထက(ခွဲ)ချောင်းကဖီးကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် စျေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ လိုက်လံရောင်းချ
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံ ရောင်းချပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
Jun 03,2022
ပေါက်မြို့ အောင်တံခွန်ရပ်ကွက် အထက စာသင်ကျောင်းစုရပ်တွင် ယမန်နေ့ နံနက်၉နာရီက အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 03,2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအား နိုင်ငံတစ်ဝန်းလုံး၌ ဇွန်လ (၂)ရက်နေ့မှ စတင်၍ဖွင့်လှစ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအား မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ငွေကြေးကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗာလာစာအုပ်များနှင့် စာရေးကိရိယာများအား အတန်းများအားလုံး အခမဲ့ထောက်ပံ့၍ ကျောင်းအပ်လက်ခံခဲ့ပြီး မေလ(၂၉)ရက်နေ့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ကြား အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၆၀၅)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယနေ့အဖြစ် ထိုးနှံပေး
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အသက် (၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် စည်ပင်သာယာပြည်သူ့ပန်းခြံအတွင်း သန့်ရှင်းလှပစေရန် ရှင်းလင်းခြင်းနှင့် ပျိုးဥယျာဉ်အားပြင်ဆင်
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် စလင်းမြို့နယ် ပြည်သူ့ပန်းခြံအား သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် အဖွဲ့ပိုင်ပျိုးဥယျာဉ်အား မိုးမကျမီ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ယမန်နေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20300
Page
20301
Page
20302
Page
20303
Current page
20304
Page
20305
Page
20306
Page
20307
Page
20308
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department