ဟိုပုံး ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်းပက်)တွင် ယမန်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း သည်(၃)နှစ်သင်တန်းဖြစ်ပြီး သင်ကြားသည့်ဘာသာရပ်များမှာ အီလက်ထရောနစ်နည်းပညာ (Electronic Technology)၊ လျှပ်စစ်နည်းပညာ(Electrical Technology) နှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ(Machining Technology) တို့ဖြစ်သည်။ အဆိုပါသင်တန်းကို တက်ရောက်ပြီးစီးပါက အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ များသည် GTI ၊ GTC များသို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အစိုးရနည်းပညာ အထက်တန်းကျောင်းကို ဇွန်လ ၂ရက်နေ့မှ ဇွန်လ၂၀ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ပြီး ယနေ့တွင် ပထမနှစ် သင်တန်းတက်ရောက်ရန် စာရင်းသွင်းထားသူ(၃၃)ဦးတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး စတင်တက်ရောက်လျက်ရှိကြောင်းနှင့် ဒုတိယနှစ်သင်တန်း တက်ရောက်သူ(၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအား နေစရာ အဆောင်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်သား၊ ကျောင်းသူ (၁)ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)