အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ အသက် (၅)နှစ်မှ (၁၁)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စိမ်းလမ်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးလျက် ရှိသည်။
Jun 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးရန် မျိုးစေ့ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းကို ဇွန် ၃ ရက်နေ့နံနက် ၉ နာရီက ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
Jun 03,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများမှလိုက်ပါပို့ဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်က အေးချမ်းပျော်ရွှင်စွာဖြင့် (၉၃.၄၂)ရာခိုင်နှုန်း ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 03,2022
လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၅၁)ဦး၊ အမျိုးသမီး(၄၈)ဦး စုစုပေါင်း (၁၉၉)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် ယနေ့နံနက်( ၁၀ )နာရီက မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်း၌ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Jun 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ အချိန်က မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် နတ်မောက်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။