အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှ  စတင်ဖွင့်လှစ်ပြီးဖြစ်ရာ  ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 03,2022
၂၀၂၂ခုနှစ်၊ ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၁ နာရီကကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က မြို့မအ.ထ.ကနှင့် အ.ထ.ကပေါင်းတည် (ပညာရတနာခန်းမ) ဆေးထိုးစုရပ်နေရာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အိမ်တွင်းမှုဝင်ငွေတိုးဖဲပြားကလစ်ပြုလုပ်နည်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမတွင် ပြုလုပ်ကျင်းပသည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရေလည်ကျွန်းအုပ်စုသောင်ကြီး ကျေးရွာ ဓမ္မာရုံတွင် မြစိမ်းရောင် (အသားကဏ္ဍ) အဌမအကြိမ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 03,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှု လျှော့နည်းရေးအတွက် အသက်အရွယ် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦး ကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးသန့်မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွား‌ရေးစင်တာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။