ဘုတ်ပြင်းမြို့အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ဘုတ်ပြင်း   ဇွန်  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက်()နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်ဘုတ်ပြင်မြို့နယ် ထောက်စုံမဟက်ကျေးရွာ အုပ်စု အမက-ချောင်းလမိုင်း၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု  အမက-ထောင်မွန်ကျောင်း၊ အလက(ခွဲ)သဲစုပ်စက်မိုင်းကျောင်းနှင့် အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်း၊ အမက-နီပါးကျောင်း၊ အမက-လိပ်ဥချောင်းကျောင်း၊ အမက-ချောင်းကထုံးကျောင်းနှင့်ကမာချောင်းကျေးရွာအုပ်စုရှိ မူလွန်-ကျွေးချောင်းကျောင်း၊ အမက-ကမာချောင်းကျောင်းနှင့် နို့ငွါး ကျေးရွာအုပ်စု အထက(ခွဲ)ချောင်းကဖီးကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါဆေးထိုးနှံခြင်းကို  ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီးဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကာသက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပေးလျက်ရှိပြီး ဇွန်လ ၃ ရက်နေ့အထိ  ကျောင်းသားကျောင်းသူ (၂၁၅၉)ဦးအား ပထမအကြိမ် ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။ ဘုတ်ပြင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် အသက်()နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ဆေးထိုးအဖွဲ့များက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)