ပေါက်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

ပေါက် ဇွန် ၃

ပေါက်မြို့ အောင်တံခွန်ရပ်ကွက် အထက စာသင်ကျောင်းစုရပ်တွင် ယမန်နေ့ နံနက်၉နာရီက အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည်။

အဆိုပါဆေးထိုးစုရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဇွန်လ၂ရက်‌နေ့တွင် ကျောင်းသား၊ ကျောင်းသူ၈၅ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေပေါက်သူ