အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က(ရုပ်တီ)ကျောင်းနှင့် အ.မ.က(လှေဆိပ်)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်မှ စတင်၍ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။              
Jun 03,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့ နံနက် ၉ နာရီအချိန်က ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 03,2022
ကရင်ပြည်နယ်​၊ ကော့ကရိတ်မြို့တွင်​ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းကို ယမန်နေ့မှ​စ၍ဆေးထိုးပေးလျက်ရှိရာ ယနေ့တွင် ဆေးထိုးစုရပ်စာသင်ကျောင်း(၈)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့ နံနက်၉:၀၀ အချိန်မှ စတင်၍ ငွေဆောင်၊ အခြေခံပညာမူလတန်းကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးငယ်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁:၅၀ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား / ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့သည်။