စလင်း ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် စလင်းမြို့နယ် ပြည်သူ့ပန်းခြံအား သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် အဖွဲ့ပိုင်ပျိုးဥယျာဉ်အား မိုးမကျမီ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ ယမန်နေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ပြည်သူ့ပန်းခြံသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြခြင်းနှင့် အဖွဲ့ပိုင် ပျိုးဥယျာဉ်အား ပြင်ဆင်ဆောင်ရွက်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းများက စုပေါင်း၍ အမိုးများနှင့် အကာများအား သန့်ရှင်း သပ်ရပ်မှုရှိစေရန် ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ ပန်းခြံအတွင်းသို့ ဝင်ရောက်အပန်းဖြေရာတွင် စိတ်ရွှင်လန်း၊ ချမ်းမြေ့၊ ပျော်ရွှင်ကြည်နူးကြစေရန်နှင့် လေကောင်းလေသန့်များရရှိအောင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း ပန်းခြံအတွင်း၌ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပန်းခြံအတွင်း စိုက်ပျိုးထားရှိသော ပန်းအလှပင်များကို ပြုပြင်ထိန်းသိမ်းခြင်း၊ ပန်းခြံအတွင်းရှိ ပျိုးဥယျာဉ်၌ ပန်းအလှပင်များကို စုံလင်စွာ တိုးချဲ့စိုက်ပျိုးထားရှိပြီး ပန်းပင်များ ပြုစုပျိုးထောင်ထားရှိမှု သန်းရှင်းရေးနှင့် ရေလောင်းရေဖျန်းခြင်းများကို အမျိုးသမီးဝန်ထမ်းများက စုပေါင်း၍ နေ့စဉ်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)