အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   
Dec 18,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတို့၌ အသံချဲ့စက်ဖြင့် မွန်/ဗမာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်ခဲ့သည်။
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်က မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ရှေးဦးစွာ Foam ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရေကိုအသုံးပြု၍ မီးငြိမ်းသတ်ခြင်းတို့ကို မြို့နယ်မီးသတ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
Dec 18,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလိုက်လံ နှိုးဆော်ခြင်း များဆောင်ရွက်ခဲ့သည်။
Dec 18,2021
 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre )တွင် ကျောင်းသား/သူများ  စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ကွန့်မြူးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အဖြစ် ပုံတူဆွဲပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2021
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက အကျဉ်းဦးစီးဌာနဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးကြောင်းသိရသည်။
Dec 18,2021
ပခုက္ကူ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက အ.ထ.က-၁ (ပခုက္ကူ)၊ ခန်းမ၌ ကျင်းပသည်။
Dec 18,2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့တော်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း  တာမွေမြို့နယ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား)ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် မအူကုန်းရပ်ကွက်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာလမ်းအမျိုးအစား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။