အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2021
ပြန်ကြား​ရေးဝန်ကြီးဌာန၏ စီစဉ်​ပေးမှုဖြင့် သမဝါယမနှင့်​ ကျေးလက်ဖွံ့ဖြိုးတိုးတက်​ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း​ဒေသကြီး စီးပွား​ရေးဝန်ကြီး ဦးအောင်သန်းဦး မိသားစုတို့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အလွှာ(၁၀)လွှာ ဖြစ်သော အုပ်ချုပ်/ဖြန့်ချီအလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်းဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာ အလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့ဇာတ်ရန်အလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံး ဝင်များကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်​ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပေးအပ်လှူဒါန်းကြသည်။
Dec 31,2021
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင် (မွန်ပြည်နယ်)မှ  မော်လမြိုင်ခရိုင် အတွင်းရှိ မြို့နယ်၊ မြို့များ၏ စံညီစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Center) တွင်  ကျင်းပခဲ့ကြောင်း သိရသည်။
Dec 31,2021
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပရာ စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရေးအတွက် sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မိုးနဲ အ.ထ. က ကျောင်းဝင်းအတွင်းရှိ ပုလဲဆောင်ခန်းမစုရပ်၌  ထိုးနှံပေးခဲ့ကြ‌ကြောင်းသိရသည်။
Dec 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်ပင်ဈေးရပ်ကွက်ရှိ အဆိုပါ မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်(မြောကိပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် အမှတ် (၃) ရပ်ကွက် မြို့ပတ်လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌မှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာ‌ရေးဌာန၊ အမှုဆောင် အရာရှိ ဦးအောင်ကျော်ဟိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 30,2021
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက (ခွဲ) အလက(၇) ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့ အကြိုပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့နေ့လည် (၂) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။