ပခုက္ကူမြို့ အ.ထ.က-၁ ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြော၊ အားကစားပစ္စည်းများ ထောက်ပံ့

ပခုက္ကူ ဒီဇင်ဘာ ၁၈

ပခုက္ကူ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နံနက် ၉ နာရီက အ.ထ.က-၁ (ပခုက္ကူ)၊ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများအား ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးက အားကစား ဆိုင်ရာ အသိပညာပေးဟောပြောပေးခြင်း၊ မြို့နယ်အားကစားမှူးက အားကစားသိပ္ပံအကြောင်း သိကောင်းစရာ ဟောပြောပေးခြင်း၊ ခရိုင်/မြို့နယ်ဝန်ထမ်းများမှ Physical Fitness Dance သရုပ်ပြပေးခြင်းများဆောင်ရွက်ကြသည်။

ထို့နောက်ခရိုင်နှင့်မြို့နယ် အားကစားမှူးတို့က အားကစားပစ္စည်းများ ဖြစ်သည့်ဘောလုံး ၂ လုံး၊ ဘော်လီဘော ဘောလုံး ၃ လုံး၊ ပိုက်ကျော်ခြင်းလုံး ၁ လုံး၊ ပိုက်ကျော်ခြင်းပိုက် ၁ ခု ဘော်လီဘောပိုက်  ၁ ခုတို့ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ကျောင်း အုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။

အောင်ဇော်(ပြန်ဆက်)