ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ကျောင်းကုန်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် ၁၁ နာရီ အချိန်ခန့်က မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ရှေးဦးစွာ Foam ဆေးရည်ဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းနှင့် ရေကိုအသုံးပြု၍ မီးငြိမ်းသတ်ခြင်းတို့ကို မြို့နယ်မီးသတ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦး တင်မောင်၊ အဖွဲ့ဝင်(၃) လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန်၊ အတွင်းရေးမှုး ရဲမှူးအောင်နိုင်ဦးနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီး အကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေး ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)