အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Centre ခန်းမတွင်  ယနေ့နံနက် ၉ နာရီအချိန်ကစာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲ နှင့်စာအုပ် စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။
Dec 19,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးများ အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါရုံးရှေ့ မျက်နှာစာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  အထက-တနင်္သာရီကျောင်းဝင်း အတွင်း ၂၀၂၂ ခုနှစ်၊(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  ကျောင်းသူ/သားများ ကျောင်းနေပျော်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်လျက် တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးဌာနတို့၏ လမ်းညွှန်မှုအရ ကျောင်းတွင်းကျောင်းကောင်စီအသင်း (၅)သင်း တို့မှ အသင်းလိုက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ (၄)ရက်တိတိ နံနက် ၇နာရီ ၃၀အချိန်မှ၉ နာရီအချိန်အတွင်း ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ မမေ့အပ်စေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရေးအတွက် ရည်ရွယ်ကာ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးခရိုင်၊ သိနီ္နမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က သိနီ္နမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ(၁၈) ရက်နေ့၊ နေ့ လည် (၁)နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း ၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေးလျက် ရှိသည်။