အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
Dec 17,2021
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဇီဝိတ သံဃဆေးရုံ Positive Centre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အသွားအလာကန့်သတ်၍ နောက်ဆုံးဆေးဝါးကုသမှုခံယူနေသည့် သာရဘွင်ကျေးရွာမှ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကျန်းမာရေးပြန်လည်သက်သာလာပြီဖြစ်၍
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေး အတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတွင် သုံးဘီး မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 17,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့်အိမ်ထောင်စု လူဦးရေ စာရင်းပြု လုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်ခန့်က ထုံးပေါက်ချိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်က ပြည်သူများအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။