အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် ရေကျော်(တောင်) ကျေးရွာလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရာ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျတ်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်(၄၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထုထည်အမြင့် (၈)လက်မ ရှိမည်ဖြစ်ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၅ နေ့က စတင်ဆောင်ရွက်‌ခဲ့သည်။
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့်ကျောင်းနေအရွယ်ကလေးများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်အား လစဉ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ် ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပါဝင်သော အသိပညာပေး နံရံကပ် စာစောင်များပြသဆောင်ရွက်ခဲ့သည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က တာပွန်မြို့သို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နေ့လည် ၁၂ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
Dec 17,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန်(Omicron)ရောဂါပိုးအကြောင်း Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 17,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုပထမအကြိမ်ဦးစားပေးအစီအစဉ်ဖြင့် ရဟန်းသံဃာတော်များ အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့မှစေတနာ့ဝန်ထမ်းများအသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် အသက် (၁၂)ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ရရှိ သည့်အပေါ်မူတည်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုကျေးရွာများရှိ ဒေသခံမိဘ ပြည်သူများအား သတ်မှတ်ထားသည့် ကာကွယ်ဆေးများထိုးနှံရန်ဖွင့်လှစ်ထားသည့် နေရာ ဌာနများ၌ စဉ်ဆင်မပြတ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။