အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းရှိ ခေတ္တရာညဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည‌နေ ၆ နာရီက အဆိုပါညဈေး မုခ်ဦး၌ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ခဲ့ကြသည်။
Dec 18,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုး နေကြပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှ ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးမောင်ပိုက်က ပြောကြားသည်။
Dec 18,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံ နက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
Dec 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သမဝါယမအသင်းစုရုံးတွင် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အစည်း အဝေးနှင့် ဒါရိုက်တာရွှေးချယ် တင်မြှောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Dec 18,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
Dec 18,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မင်းဘူး(စကု) မြို့နယ်၌ ဆောင်းသီးနှံဧက ၁၀၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေ ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 18,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကိုးပင်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကိုးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လည် ၁ နာရီက ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။