(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖြူးမြို့နယ်တွင် ပြုလုပ်

ဖြူး       ဒီဇင်ဘာ    ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ မမေ့အပ်စေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရေးအတွက် ရည်ရွယ်ကာ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ် အေးနှင့်ဝန်ထမ်းများက ဖြူးမြို့ပေါ်ရှိ အလကခွဲကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ဇွန်းအတွင်း ပင်ပေါင်သီးထည့်၍ ဇွန်းကိုက်လမ်းလျှောက်ကစားနည်း၊ ပင်ပေါင်သီးခြင်းအတွင်း အလုံးရေအများဆုံး ပစ်ထည့်သည့် ကစားနည်း၊ ဖားခုန်ကစားနည်းတို့ကို  တစ်ဦးချင်းနှင့် အတွဲလိုက်ယှဉ်ပြိုင်စေကာ ဆုများချီးမြှင့်ပေးပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူ တစ်ယောက်ချင်းစီတိုင်းကို စာအုပ်နှင့် စာရေးကရိယာများ၊ အာဟာရပြည့် မုန့်ပဲသွားရည်စာများ လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)