အထက-တနင်္သာရီ၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းကောင်စီ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီ   ဒီဇင်ဘာလ  ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  အထက-တနင်္သာရီကျောင်းဝင်း အတွင်း ၂၀၂၂ ခုနှစ်၊(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  ကျောင်းသူ/သားများ ကျောင်းနေပျော်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်လျက် တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးဌာနတို့၏ လမ်းညွှန်မှုအရ ကျောင်းတွင်းကျောင်းကောင်စီအသင်း (၅)သင်း တို့မှ အသင်းလိုက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ (၄)ရက်တိတိ နံနက် ၇နာရီ ၃၀အချိန်မှ၉ နာရီအချိန်အတွင်း ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအားကစားပြိုင်ပွဲများအား  မြို့နယ်ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီနာယက မြို့နယ်ပညာရေးမှူးဦးခင်ဇော်၊ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ကျန်းစစ်သား၊ အလောင်းဘုရား၊ ဘုရင့်နောင်၊ ဗန္ဓုလနှင့် အနော်ရထာစသည့် ကျောင်းကောင်စီ အသင်း(၅)သင်းမှတာဝန်ခံဆရာ/မများက ကြီးကြပ်လျက်  မူလတန်း အောက်အဆင့် ကျောင်း သူ/သားများအား ဗူပေါင်းနင်းပြိုင်ပွဲ၊ ကွမ်းသီးကောက်၊ ဂုံနီ အိတ်စွပ်၊ စာအုပ်ရွက်၊ဘဲခြေသွားပြိုင်ပွဲနှင့်မီတာ(၅၀)အပြေးပြိုင်ပွဲ၊ မူလတန်း အထက်အဆင့်၌ထုပ်ဆီးထိုးပြိုင်ပွဲနှင့်ဂုံနီအိတ်စွပ် (ကျား +မ) ပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသူ/သားများအတွက် ဂုံနီအိတ်စွပ်(ကျား)၊ ထုတ်ဆီထိုး(မ)၊ လွန်ဆွဲ(ကျား+မ)အသင်းလိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ အထက်တန်း အဆင့်တွင် လွန်ဆွဲ(ကျား+မ)အသင်းလိုက်ပြိုင်ပွဲများကိုလည်းကောင်း ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုရကျောင်းသူ/သားသူများအားဆုချီးမြှင့်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်၉နာရီ ၃၀အချိန်က အထက-တနင်္သာရီ ကျောင်းအလံတိုင် အရှေ့မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီနာယက မြို့နယ်ပညာရေးမှူးဦးခင်ဇော်၊ ကျောင်းအုပ် ဆရာကြီးဦးအေးနိုင်နှင့် ကျောင်းကောင်စီအသင်း တာဝန်ခံဆရာ/မများက ဆုအမျိုးအစားအလိုက် ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း ကျောင်းအုပ် ဆရာကြီး ဦးအေးနိုင်ထံက သိရသည်။

ထိန်ဝင်း(ပြန်ဆက်)