ငါ့သရောက် ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးများ အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါရုံးရှေ့ မျက်နှာစာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးငယ်များ အားကစားပြိုင်ပွဲကို ငါ့သရောက်မြို့ ပြန်/ဆက်ဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးမိုးက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈)နှစ်မှ အသက်(၁၃)နှစ်အတွင်းရှိ အားကစားဝါသနာရှင် ကလေးငယ်များ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိပ်စွပ် အပြေးပြိုင်ပွဲနှင့် အဖွဲ့လိုက် ကြက်ခွပ်ပြိုင်ပွဲများ အစရှိသည့်၊ ကလေးငယ်များ စိတ်ပျော်ရွှင် ရယ်မောဖွယ်ဖြစ်စေမည့် ကစားနည်းများကို ထည့်သွင်းကျင်းပပေးခဲ့ရာ၊ အားကစားဝါသနာရှင် ကလေးငယ်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများကို မြို့ဦးစီးမှူး က စာအုပ်၊ ဘောလ်ပင်၊ ခဲတံ တို့ကို ဆုအဖြစ်ပေးအပ် ချီးမြှင့်၍ မုန့်နှင့်ဖျော်ရည်များ တိုက်ကျွေး ကုသိုလ်ပြု ခဲ့ကြောင်း သိရသည်။
ဖြိုးဝေ(ပြန်/ဆက်)