မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ(၁၈) ရက်နေ့၊ နေ့ လည် (၁)နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းယုမော်က လွတ်လပ်ရေးနေ့ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရုံး Community Centre တွင် ဟောပြောပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသားကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ စာကြည့်တိုက် အားအသုံးပြုတတ်စေရေး ရည်ရွယ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်အောင် (ပြန်/ဆက်)