သိနီ္န ဒီဇင်ဘာလ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိနီ္နမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က သိနီ္နမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီတာဝန်ခံ ဒေါ်အိဇာချိုက ကျောင်းသား/သူ လူငယ်လူရွယ်လေးများ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ သတိရနေစေရန် ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်း စသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ သိနီ္နအခြေခံ ပညာမူလတန်းအဆင့်မှ ကျောင်းသား/သူ (၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အိဇာချို(ပြန်/ဆက်)