မိုင်းတုံမြို့၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း၊ စာ‌ပေဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းတုံ  ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Centre ခန်းမတွင်  ယနေ့နံနက် ၉ နာရီအချိန်ကစာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲ နှင့်စာအုပ် စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်မှူး ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း(YOUNG CLUB)အသင်းဝင် မသဲစုလှိုင်က ဦးဆောင်၍ စာရေးဆရာ အောင်သင်း၏ "လူငယ်နှင့်ဘဝတန်ဖိုး"စာအုပ်နှင့်ပတ်သက်၍ဆွေးနွေးခဲ့သည်။

ဆက်လက်၍ (YOUNG CLUB)အသင်းဝင် မောင်ပြည့်ဖြိုးအောင်က စာပေနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရစေရန် ရည်ရွယ်ကာ စာပေဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးရာ စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းဝင်များမှ စာပေနဲ့ပတ်သက်ပြီး အခုလို ဗဟုသုတရရှိစေခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်းပြောကြားပြီး မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင်စာအုပ်၊ စာစောင်များကိုခင်းကျင်းပြသ‌ပေးခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)